Wednesday 4 May 2011

မပြတ်သားခြင်း


မပြတ်သားခြင်း………

ဝေးဖို့အကြောင်း
ယောင်လို့တောင်မစဉ်းစားရဲဘူး

နီးစပ်ရမဲ့အကြောင်းပြချက်လဲ၇ှာမတွေ့ဘူး..
ဦးနှောက်ရဲ့အသိကို
နှလုံးသားကငြင်းဆန်တယ်…

သာယာခဲ့တာလား..
စွဲလန်းခဲ့လေသလား

နှလုံးသားရဲ့တောင်းဆိုချက်ကို
မလွန်ဆန်ချင်ခဲ့ဘူး….

တွေဝေဆဲအသိကို…
ကံကြမ္မာဘဲဆိုပြီး..ပုံချဖို့ကလဲ
မ၀ံ့ရဲဘူး……
…………….

ခက်တယ်ကွာ…
အချစ်နဲ့ဝေးအောင်နေပါတယ်ဆိုမှ
ခံစားတတ်တယ်နှလုံးသားကိုက
အချစ်ကိုမက်မောတွယ်တာနေသေးတယ်…

ခုတော့
အနေမတတ်တဲ့နှလုံးသားလေးကြောင့်
မပြတ်သားခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာ
တွေဝေဆဲဦးနှောက်နဲ့..
ရင်ခုန်ချင်တဲ့ငါနှလုံးသား
လွန်ဆွဲနေကြတုန်း….

No comments:

Post a Comment