Monday 30 May 2011

အချစ်ဆုံးပါ..မောင်

Free Pics Girl Pics Photo Sharing


အချစ်ဆုံးပါ…မောင်


မကြုံဖူးတဲ့အချစ်နဲ့ရူးမတတ်ချစ်ခဲ့ရသူပါမောင်


အလွမ်းဝေဒနာအဖြေရှာဖို့အတွက်


ဖြေသာစရာဆေးတောင်မရှိခဲ့သူပါ…


သံယောဇဉ်ကြိုးတချို့ရဲ့…


တင်းကျပ်တဲ့ချည်နှောင်မှုတွေကြောင့်


ဒိရင်ဘတ်အစုတ်တခုမှာလဲ..


သေရာပါမဲ့ဒါဏ်ရာတွေနဲ့ပါမောင်


သံသရာဆိုတာရှိသေးရင်


တောင်းဆုတခုဘဲထားရှိချင်တယ်


ဖြစ်လေရာဘ၀တိုင်းအလွမ်းကင်းစေလိုလို့ပါ..


မှုန်ဝါးဝါးအနာဂါတ်ကိုမျှော်ကြည့်တိုင်း


မောရတဲ့ဒီရင်ကို စာနာပေးဖို့


တောင်းဆိုချင်ပေမဲ့….


မောင်မြင်သာအောင် မပြတတ်တာလဲ


ဒီလူရဲ့အားနည်းချက်ပါမောင်…


ဥပေက္ခာတွေသာရေလဲစားသုံးနေရပေမဲ့


မောင့်ကိုအပြစ်မဆိုရက်ပါဘူးမောင်


မောင်ချစ်မှာပါလို့ဖြေတွေး


နာကျင်နေတဲ့ဒီနှလုံးသားက


မျက်ရည်ကိုသာအဖော်ပြု


ဒီဘ၀တခုလုံးအတွက်


မောင့်ကိုသာအချစ်ဆုံးပါမောင်…..


.......................................လိပ်ပြာ(4.4.2011)(2း57AM)

1 comment:

  1. လိပ်ပြာရေ ကဗျာလေး ခံစားအားပေး သွားတယ်နော်..
    ကောင်းသောနေ့လေး ဖြစ်ပါစေရှင်။

    ReplyDelete