Wednesday 4 May 2011

မင်းမမြင်တဲ့ငါ့ရင်ဒါဏ်ရာ

မင်းမမြင်တဲ့ငါ့ရင်ဒါဏ်ရာ



♥မင်းအမြင်မှာတော့
သံယောဇဉ်ကင်းတဲ့
ခပ်တင်းတင်းမျက်နှာနဲ့
ခံစားချက်ကို ပိတ်လှောင်
နှလုံးသားကို အမှောင်ချထားသူပေါ့...




♥မင်းအမြင်မှာတော့
သောကတရားတွေ ကင်းဝေး
အေးစက်တဲ့ အပြုံးတွေနဲ့
မာနရိပ်တွေ စွန်းထင်းနေတဲ့
ခံစားချက် ကင်းမဲ့သူပေါ့...




♥ဒါပေမယ့်
ငါ့ရင်ထဲမှာတော့
ဘယ်သူမှ မသိအောင်ကြေကွဲ
တိတ်တဆိတ် မျက်ရည်ဝဲနေရတဲ့
ခါးသီးလှတဲ့ နေ့ပေါင်းများစွာကိုဖြတ်သန်း
အသည်းကျွမ်းနေရတဲ့
အလွမ်းသမားလေး တစ်ယောက်ပေါ့.....




♥ဟန်ဆောင်ပြုံးလေးတွေနဲ့
ရင်ထဲက ဒဏ်ရာကို
ဖုံးကွယ်ထားသူပေါ့.....။


လိပ်ပြာ

No comments:

Post a Comment