Wednesday 16 March 2016

အလွမ်းသင့်လိပ်ပြာ


အလွမ်းသင့်လိပ်ပြာ

အလွမ်းတဲ့လား
အမှားများတဲ့ငါ့ကမ္ဘာမှာ
သစ္စာမထားသူအတွက်
အခက်ကြုံခဲ့ရတယ်ဆိုတာမျိုး
အငြိုးမဖွဲ့လိုဘူး။ ။

အချစ်မသိသူအတွက်
ပေးဆပ်ခဲ့ဖူးတာ
ဒဏ္ဍာရီသာသာဘဲတွေး
လွမ်းဆွေးခြင်းဆိုတာ
ငါနဲ့မသက်ဆိုင်သလိုပါ။ ။

မှားခဲ့ဖူးတဲ့အတိတ်ကို
ခပ်ဆိတ်ဆိတ်နဲ့သာထား
အနာဂါတ်တခုအတွက်
အချိန်တွေကိုရင်းလို့
ခေါင်းမော့ပြီးကြိုးစားနေသူအတွက်
အလွမ်းသင့်ဖူးတာ 
အိပ်မက်လို့သာတွေး
ဘဝအရေးမှာ 
နှလုံးသားကိုနောက်တခါ
ရှေ့တန်းမတင်တော့ဘူး။ ။

လေးစားစွာဖြင့်
လိပ်ပြာ(17.32016)(5:00AM)

No comments:

Post a Comment