Wednesday 16 March 2016

ဧကရီထိပ်ထားသို့ ဈာပနဖိတ်စာ

ဧကရီထိပ်ထားသို့    

                          ဈာပနဖိတ်စာ
           

ထိပ်ထားရေ
မာနတွေမိုးလောက်မြင့်တဲ့
မင်းကိုမှ စွဲလန်း
ရူးသွပ်မိတဲ့ငါ
အလွမ်းတွေနဲ့ပေါင်းဖက်ရပြီ
ထိပ်ထားရေ

ထိပ်ထားရေ
ချစ်တာကိုအပစ်ရှာ
သစ္စာကိုဈေးဖြတ်
အရာရာငွေနဲ့တွက်တတ်တဲ့
မင်းရဲ့အသိုင်းအဝိုင်းအတွက်
အညတရစောင်းအိုလုလင်ငါ့နှလုံးသား
တဝဂူထဲမှာဇာတ်သိမ်းရမယ်ထင်ရဲ့
ထိပ်ထားရေ

ထိပ်ထားရေ
မလှပတဲ့အညတရဘဝမို့
ဘုရင့်သမီးလိုနင့်ကို
အလှမ်းခက်တာ
သိပြီးသားပါထိပ်ထား
အချစ်ဆိုတာကလေ
နှလုံးသားကိုကြိုးတုတ်
ထိန်းချုပ်ဖို့လဲခက်ပါရဲ့
ထိပ်ထားရယ်

ထိပ်ထားရေ
တကယ့်လက်တွေ့ဘဝမှာ
စောင်းအိုလုလင်လဲငါမဟုတ်ခဲ့ဘူး
အချစ်ကိုကိုးကွယ်တတ်တဲ့
ဘုရင့်သမီးလဲနင်မဖြစ်ခဲ့ဘူး
ချစ်တာကိုလစ်လျူ ရှု
မေတ္တာကိုအတုလိုကစား
ဥပေက္ခာတရားနဲ့ 
မင်းပစ်ခွာခဲ့တာ
ငါ့နှလုံးသားသဂြိုလ်ပွဲတော့
တဝဂူထဲမှာ 
သေရာပါအောင်လှောင်ပိတ်
ဈာပနအခမ်းအနားကျင်းပလို့
ငါ့အချစ်ကိုသက်သေထူလိုက်တယ်
မင်းဆက်ဆက်တက်ရောက်ပေးပါ
ထိပ်ထားရေ

       လိပ်ပြာ
   (29.12.2015)
    (18:29PM)

No comments:

Post a Comment