Thursday 17 March 2016

ပန်းသာပျိုးသည့် ပန်းပျိုးလက်



ပန်းသာပျိုးသည့် ပန်းပျိုးလက်

မချစ်တတ်လို့ မဟုတ်ပါဘူး
ချစ်တတ်ပါတယ်ကွယ်
ချစ်တတ်ပေမဲ့မချစ်ရက်သည်
ပန်းသာပျိုးသည့် ပန်းပျိုးလက်

မလွမ်းတတ်လို့ မဟုတ်ရပါဘူး
လွမ်းတတ်ပါတယ်ကွယ်
လွမ်းတတ်ပေမဲ့ အလွမ်းကိုပွေ့ဖက်
ပန်းကိုချစ်သည့် ပန်းပျိုးလက်

မနမ်းတတ်လို့ မဟုတ်ရပါဘူး
နမ်းတတ်ပါတယ်ကွယ်
နမ်းတတ်ပေမဲ့အနမ်းခက်သည်
ပန်းမြတ်နိုးသည့် ပန်းပျိုးလက်

ချစ်တတ်၊ လွမ်းတတ်၊ နမ်းတတ်
မြတ်နိုးတတ်သူ အပူအပြည့်
ဓလေ့တူညီ
ဝါသနာဘာဂီ ဆက်တိုင်း မှီခဲ့
အတိုင်းအဆ
မပြတတ်အောင်
ယစ်မူးတွယ်တာ ချစ်နေပါလဲ
ကိုယ်ဟာ ပန်းသာပျိုးလို့
ပန်းခူးခက်သည်
ပျိုနှမအတွက် ပန်းပျိုးလက်

လေးစားစွာဖြင့်
လိပ်ပြာ

No comments:

Post a Comment