Wednesday 16 March 2016

Good bye

မာနကိုကိုးကွယ်

အချစ်ကိုချောင်ထိုး
အတ္တကိုစည်းရိုးထိုးလို
အမုန်းနဲ့လမ်းဆုံးထိလျှောက်တော့မှာလား

အလွမ်းဆိုတာပန်းမဟုတ်ပေမဲ့
လမ်းခွဲကိုခြေလှမ်းချင်သူအတွက်
ငါဆိုတာ မျက်ရေခံထိုးလိမ့်မယ်ထင်လား

မကြင်နာလို့တမင်ခွာမယ်ဆိုရင်
မျက်ရေနဲ့အခက်ပွေမယ်မထင်နဲ့

တမင်စိမ်းသူအတွက်
နှလုံးသားကိုသဂြို င်္လ်လို့
အလွမ်းမှတ်တိုင်ထူလိုက်မယ်
ဒီဘဝအတွက်တော့ဒီမျှဘဲ
GOOD BYE
လိပ်ပြာ(24.12.2015)(00;24AM)

No comments:

Post a Comment