Thursday 17 March 2016

ခေတ်သစ်စူဠသုဘဒ္ဒါသို့



ခေတ်သစ်စူဠသုဘဒ္ဒါသို့
  @@@@@@@

မင်းဆန္ဒန်မဟုတ်တော့လဲ
သည်းခံရခက်ခဲ့တယ်သုဘဒ္ဒါ
သစ္စာတရားကလွဲလို့
ပြည့်စုံခြင်းကင်းတဲ့ငါ့အတွက်
နင်ပေးခဲ့တဲ့သစ္စာမဲ့မှုတွေအတွက်
ခါချဉ်ကောင်ကိုငြိုးမာန်မဖွဲ့လိုဘူး

သောနုတ္ထိုရ်ကိုတောင်
လိုသလိုစေရဲမှတော့
ငါ့နှလုံးသားမြှားဒဏ်သင့်တာ
ဆန်းကြယ်ခြင်းမဟုတ်ဘူး

ငါတို့ဇာတ်လမ်းမှာ
အသွားစေခိုင်းသူမင်းဧကရာဇ်လည်း
မရှိခဲ့ပါဘူး
နင့်ကိုပေးတဲ့အချစ်ကိုဖျက်ဖို့
ခါချဉ်ကောင်လဲမပါခဲ့ဘူး

သစ္စာကင်းတဲ့နင်က
မြှားပစ်စေတဲ့သောနုတ္ထိုရ်ကိုလဲ
ငါမမုန်းလိုဘူး
ဘာပဲပြောပြောပေါ့
ဆန္ဒန်ဇာတ်ကိုပြန်ပြင်ကြစို့ရဲ့
မင်းလဲနောင်တမရချင်နဲ့
ငါလဲမြှားမမှန်ချင်ဘူး



  လေးစားစွာဖြင့်
      လိပ်ပြာ
   (29.1.2016)
   (20:06PM)

No comments:

Post a Comment