Saturday 4 June 2011

ချစ်သူတို့ရဲ့...အလွမ်းပုံပြင်

ချစ်သူတို့ရဲ့..အလွမ်းပုံပြင်

Image Hosting









ဒီနေ့…စနေ…

အမြဲတမ်းမဟုတ်ပေမဲ့ ကျွန်တော်တို့outpass ရတတ်တဲ့နေ့ပေါ့..ကိုယ့်အတွက်တော့ outpass ရပေမဲ့မထူးခြားပါဘူး။ ဒီနေ့တွေဆို ကိုယ့်ချစ်သူကောင်မလေး ကိုယ့်ဆီဖုန်းဆက်နေကျလေ။ overseaကဆိုပေမဲ့ သောကြာ၊စနေ၊တနင်္ဂနွေ အပတ်တိုင်း သုံးရက် ဖုန်းဆက်နေကြလေ။ ချစ်သူဆီကဖုန်းကို ကိုယ်မျှော်နေကြနေ့တွေပေါ့။ ရေမြေတွေဘယ်လောက်ဘဲခြားခြား သူကိုယ့်အပေါ်အလေးထားလွန်းတယ်။ ဘယ်နေရာရောက်နေနေ သူကိုယ့်ကို မရမက လိုက်ရှာပြီးဆက်သွယ်တတ်တယ်။ ကိုယ့်အပေါ်သိပ်ချစ်တတ်လွန်းတဲ့ချစ်သူလေးရဲ့ စိတ်ကိုလဲ ကိုယ်လေးစားမိတယ်။ ကိုယ်ကရော ချစ်သူလေးအပေါ်စေတနာတွေနဲ့ သွန်သင်ဆုံးမရင်းချစ်သူလေးရဲ့ ဆန္ဒတွေဖြည့်ဆည်းပေးနေရရင် ကိုယ်ပျော်နေရတယ်။သေချာတာပေါ့ ရေမြေတွေခြားနေမှတော့ ကိုယ့်ချစ်သူကို ကိုယ်ဘယ်စိတ်ချပါ့မလဲဗျာ။ ဒါပေမဲ့ ချစ်သူလေးအကြောင်းကိုယ်သိတယ်။ ကိုယ့်ကို သူ့ရဲ့အရာအားလုံးလို့သဘောထားထားတာလေ။ ချစ်သူဆီမှာ သာယာတာတွေ တွယ်တာတာတွေ မရှိတတ်ဘူး။ ကိုယ့်ကိုယ်ချစ်နေရရင် ကိုယ့်အလိုကိုဖြည့်ဆည်းပေးနေရရင် သူမဘယ်လောက်ဝမ်းနည်းဝမ်းနည်း ကိုယ်ပျော်နေပါစေဆိုတဲ့စိတ်ကလေးနဲ့ သူလိုက်ပြီးပျော်နေပေးတတ်တယ်။ ခုလဲ ချစ်သူ ဆီကဖုန်းကိုမျှော်နေမိတယ်လေ။ အပြင်တောင်ထွက်မလည်နိုင်ဘဲပေါ့။



“ကိုထက်…ကျော့်ဆီက ဖုန်းရော့”


လွမ်းနေတုန်း ဖုန်းလာတော့ ကိုယ်ဘယ်လောက်ပျော်မယ်ထင်လဲ အတိုင်းမသိပေါ့ဗျာ…



“ဟယ်လို အချစ်” “အင်းကိုထက်..ငါ” “အင်း..အချစ်..နေကောင်းလား” “အင်း ကောင်းတယ် မင်းရော အဆင်ပြေရဲ့လား” “အင်း ဒီလိုပါဘဲ flying checkတွေကောင်းကောင်းမရဘူး ဆရာတွေကဆူနေတယ်” “စာမေးပွဲရော…ဖြေနိင်လား” “ မောင်ကတော့ အောင်ပါတယ် မောင်နဲ့တွဲဖက်ဂျူနီယာနှစ်ယောက်ကတော့ကျတယ် ဒါကြောင့်မောင်လဲစိတ်ညစ်နေတာ” “အော်…စိတ်ညစ်မခံနဲ့လေ…အားလုံးကဖြစ်တတ်ပါတယ်မောင်ရဲ့”



ကိုယ့်ကိုထာဝရ အားပေးတတ်တဲ့ သူမရဲ့စိတ်ထားလေးကို ကိုယ်သဘောကျတာ..ကိုယ် ဘာဘဲလုပ်လုပ် ကိုယ့်ဘကမှာသူမရှိနေတတ်လို့ ကိုယ် ဘယ်တော့မှ အားငယ်စိတ်ဓာတ်ကျတာမျိုး မခံစားရဘူးလေ…ကိုယ်ချစ်တဲ့ကောင်မလေးက မချောပါဘူး ဒါပေမဲ့ စိတ်ထားကသိပ်ဖြူတာ



မင်းရော အလုပ်အဆင်ပြေရဲ့လား အချစ်” “အင်း ဒီလိုပါဘဲ မောင်ရဲ့…အလုပ်ဆိုတာက အဆင်ပြေလိုက် အဆင်မပြေလိုက်ဘဲပေါ့” “စိတ်ညစ်မခံနဲ့ အချစ် မင်း အဆင်မပြေရင် မင်းဖေကြီးကိုပြောပြီး အလုပ်ပြောင်းလိုက် ကိုယ့်ဘာသာတော့ပျော်အောင်နေပါအချစ်ရာ မောင်လဲမင်းဘေးနား ရှိနိုင်တာမဟုတ်ဘူး”



သူမကို အဆင်မပြေမှုတွေထဲနစ်မွန်းမနေစေချင်တာသူ့ဆန္ဒပါ။ သူမလေးကို အနားခေါ်ထားချင်နေပေမဲ့ သူမလေးအဖေက ကိုယ့်ကို သူမနဲ့လုံးဝသဘောမတူဘူးလေ။ယောက်ျားမာနနဲ့ သူမကိုမေ့ပစ်ချင်ပေမဲ့ ကိုယ်မလုပ်နိုင်ခဲ့ဘူး…မိဘသဘောမတူလဲပေါင်းရမှာ သူမနဲ့ကိုယ်ပါဆိုတဲ့ သူမလေးရဲ့စကားကို နားထောင်ပြီး ကိုယ် သူမလေးကို အရင်ကထက်ပိုချစ်ခဲ့တာ



“မောင့်ဘေးနားမှာ ချစ်ထာဝရနေဖို့ပြန်ခဲ့ဖူးတယ်နော်…မောင်ဘဲမောင်းထုတ်လိုက်ပြိးတော့” “အချစ်ရယ် မဟုတ်ရပါဘူးကွာ မောင်မင်းကိုသိပ်ချစ်တာပေါ့ မင်းလဲသိရဲ့သားနဲ့ မောင့်နားမှာနေရင်မင်း အဆင်မပြေနိုင်ဘူးလေ။ ပြီးတော့မောင်မင်းကိုလက်ထပ်ချင်တာပေါ့ မောင့်မှာ သင်တန်းတွေမပြီးသေးဘူးလေ.. လေယာဉ်မောင်းသင်တန်းပြီးရင် CCတက်ဖို့ရှိသေးတယ်။ ဒီလိုအချိန်မှာ အချစ်ကို လက်ထပ်လိုက်ရင် မောင့်တာဝန်တွေ အချစ်ကိုယူခိုင်းသလိုလဲ ဖြစ်မယ် ပြီးတော့ အတူတူနေရဦးမှာလဲမဟုတ်ဘူ တယောက်တနေရာဆီနေရမှာ ဒါကြောင့်မောင် အချစ်ကို မောင်နဲ့ဝေးရာကိုသွားခိုင်းလိုက်တာ အချစ်လဲ ကျောင်းဆက်တက်ချင်တယ်ဆို အချစ်အဖေကျေးဇူးကို တတ်နိုင်သလောက်ဆပ်ချင်သေးတယ်ဆို။” “ဒါတော့ဒါပေါ့ မောင်ရဲ့” “ဒါကြောင့် မောင်ပြန်သွားဖို့ ပြောတာပါ အချစ်လဲ ကျောင်းဆက်တက်လို့ရအောင် လို့ပါ…မောင်သင်တန်းတွေ နောက်(၂)နှစ် ဆို အကုန်ပြီးပြီ…အချစ်ရဲ့ အားလုံးပြီးတာနဲ့ အချစ်မနေချင်ရင်တောင် မောင်မင်းကိုမောင့်အနားခေါ်ထားတော့မှာ ကွ မောင်အချစ်ကိုလွမ်းလှပြီ”




သူမလေးကိုယ့်အပေါ်အထင်လွဲနေတာ ကိုယ်အခုမှသိလိုက်ရတယ်လေ… ကိုယ်က သူမကို ကောင်းစေချင်လို့ ပြောခဲ့တာတွေကို တလွဲထင်နေပေမဲ့ ကိုယ့်အပေါ်သူမအပစ်တင်စကားတောင်မပြောခဲ့ဘူးလေ…ဒါကြောင့်လဲ သူမကိုပိုချစ်ရတာပေါ့ ။




“မောင် ဒီနေ့ outpass မထွက်ဘူးလား” “မောင်ရုရှားမှာနေတုန်းက သူများကျောင်းလျှောက်သွားတာတို့ အပြင်လျှောက်လည်တာတို့ ချစ်မြင်ဘူးလား” “ဟင်အင်း မမြင်ဖူးဘူး” “အင်း အဲလိုဘဲ ချစ်နဲ့ စကားပြောရင်ပြော မပြောရင်မောင် ဂိမ်းဆော့ ရင်ဆော့ ဒါမှမဟုတ်ရင်ရုပ်ရှင်ကြည့် ပြီးရင် မောင်အိပ်တာဘဲ မောင်အခန်းထဲကအပြင်တောင် ကျောင်းတက်ဖို့မဟုတ်ရင် မထွက်ဖူးဘူးလေ..ချစ်လဲသိသားဘဲ..အခုလဲ အဲဒီအတိုင်းဘဲ ချစ် မရှိတော့ပေမဲ့လဲ ချစ်ရှိတုန်းကအတိုင်းဘဲ ချစ်နဲ့စကားပြောနေကြအချိန်တွေဆို ချစ်ကိုလွမ်းရင်း ချစ်နဲ့ အတူတူကြည့်ဖူးတဲ့ရုပ်ရှင်တွေ တယောက်ထဲ ပြန်ကြည့်ရင်း ပေါ့ မောင် ဘယ်မှမသွားပါဘူးချစ်ရယ် ချစ်ကိုဘဲလွမ်းနေမိတာ”



ကိုယ်နဲ့ သူမလေးနဲ့ နှစ်ယောက်မှာ အမှတ်တရများတယ်လေ…သူမ ကိုယ့်အနားမရှိတောပေမဲ့ သူမပြောခဲ့ဖူးတဲ့စကားတွေ သူမရဲ့ အပြုအမူလေးတွေ ကို ကိုယ်သတိရရင်းလွမ်းနေမိတယ်..ဒါပေမဲ့ တခါမှ သူမကို ကိုယ်မပြောပြခဲ့ဖူးဘူးလေ…အရင်အချိန်တွေ သူမဖုန်းဆက်တိုင်း သူမကို စနောက်နေတာနဲ့ဘဲ ကိုယ်အချိန်ကုန်ခဲ့တာ..ကိုယ့်ဆီမှာ နောက်တယောက်ရှိနေပြီလို့ပြောတိုင်း သူမအသံလေးပျောက်သွားတတ်တာ ၀မ်းနည်းသွားတတ်တာ ကို ချစ်စနိုး ဖြစ်မိလို့လေ..ကိုယ်အဲလိုစနောက်နေပေမဲ့ သူမကိုယ့်ကို စိတ်မဆိုးဖူးပါဘူး… မောင်ပျော်နေရင် ပြီးတာပါဘဲ ဆိုတဲ့ တခွန်းထဲသောစကားကိုဘဲ သူမပြောတတ်တာလေ…



ချစ်..” “အင်း”



မထူးချင်ထူးချင်နဲ့ ထူးတတ်တဲ့သူမအသံလေးကို ကိုယ်ချစ်တယ်လေ..



“နေကောင်းအောင်နေ ကျန်းမာရေးဂရုစိုက် ကိုယ့်ကိုယ်ကိုအဆင်ပြေအောင်နေ..ပျော်အောင်နေပါ အချစ်ရယ် မောင်တို့ကံကြမ္မာက မောင်တို့လက်ထဲမှာလေ…မောင်နဲ့ အချစ်တနေ့ အတူနေရမှာ မောင်နဲ့အတူတူနေတဲ့အချိန်မှာ ချစ်ကို ကျန်းကျန်းမာမာနဲ့ တသက်လုံး ပျော်ပျော်ရွှင်ရွှင်နေသွားချင်တာ..ချစ် ကိုမောင် တသက်လုံး စောင်ရှောက်သွားနိုင်တယ်ဆိုတာ ယုံနော် ပြီးတော့ ချစ်ကလွဲပြီး မောင်ဘယ်သူ့ကိုမှမချစ်ဘူး…ခု…အိပ်တော့နော်…ချစ်တို့ဆီမှာ အရမ်းမိုးချုပ်နေပြီ..မောင် မင်းကို အရမ်းချစ်တယ်….”

“မောင်..အာဘွားပေးဦး”



သူမက အဲလိုကလေးဆန်တာလေ… ကိုယ်ပြောသမျှကို နားထောင်သမားသက်သက်လုပ်ပြီးရင် ဖုန်းချခါနီးတိုင်း ကိုယ့်ဆီက အာဘွားတောင်းတတ်တာ..



“အာဘွားချစ်” “အင်း…မောင့်ကို အရမ်းချစ်တယ်…မောင့်တယောက်ထဲအတွက်ချစ် အသက်ရှင်နေတာပါနော် မောင်..ဖုန်းချလိုက်ပြီ” “အင်း”



ဖုန်းချခါနီးတိုင်း ကိုယ့်ကို အရမ်းချစ်ကြောင်း သူမချွဲတတ်သည်။ ဒီစကားလေးတခွန်းနဲ့ဘဲ ကိုယ်ကျေနပ်နေရတာလေ.. ကိုယ့်ဘ၀က သူမလေးပါ..ဒါပေမဲ့ သူမလေးမသိပါဘူး ..ကိုယ်လဲ အမြဲမပြောပြတတ်ဘူး…ကိုယ်က သူမလေးကို..ကိုယ့်ချစ်ခြင်းတွေ ချမပြတတ်ဘူး..စိတ်လိုလက်ရဖြစ်တတ်တဲ့ တခါတခါမှဘဲ ကိုယ်သူမကိုပြောပြတတ်တာ…ကိုယ်သူမကို လစ်လျူရှုထားပေမဲ့လဲ သူမကတော့ ကိုယ့်အပေါ် အမြဲ တမ်းချစ်နေတတ်တာလေ..ဒါကြောင့်မို့လဲ…ကိုယ်သူမကို ပိုမြတ်နိုးမိတာပေါ့….ကိုယ့်အတွက်တော့ သူမလေးက လကလေးတစင်းပါဘဲလေ…သူမကတော့ ကိုယ်က သူမဘ၀ရဲ့ လမ်းပြကြယ်တဲ့…ကြယ်ကလေးလို့လဲ တယုတယခေါ်တတ်တယ်လေ…ကိုယ်တို့နှစ်ယောက်အတူဆုံမဲ့တနေ့ကို စိတ်ကူးယဉ်ရင်း ကိုယ်သူမကို ထာဝရသစ္စာရှိသွားမယ်ဆိုတာ luna(လုန)လေး..ယုံပေးပါ…နော်…

……လုနလေးရဲ့ကိုယ်(ကိုထက်)

....................................................................................................လိပ်ပြာ(04.6.12)(စနေနေ့)(1း15AM)

1 comment:

  1. အရမ်းကြည်နူးစရာကောင်းတဲ့ စုံတွဲလေးကို မြင်ယောင်သွားပြီး အမြန်ဆုံးနီးကြပါစေကြောင်းဆုတောင်းပါတယ်နော်။

    ခင်မင်လေးစားလျက်

    ReplyDelete