Thursday 29 September 2011

စရိုက်များနဲ့လိပ်ပြာ

Image Search


စရိုက်များနှင့် လိပ်ပြာ..


ကျော့်ရဲ့မကောင်းတဲ့အကျင့်တချို့အကြောင်း..


လူတိုင်းမှာ..မကောင်းတဲ့အကျင့်ကိုယ်စီတော့ရှိကြတယ်…အားနည်းချက်ကိုယ်စီတော့ရှိကြတယ်.. သူများတွေအကြောင်းမပြောချင်ပါဘူး..ကျော့်အကြောင်းဘဲကျော်ပြောမယ်…


ကျော့်ရဲ့ပတမဦးဆုံးမကောင်းတဲ့အကျင့်က တခုခုကို တိုးလို့တန်းလန်းထားတတ်တာဘဲ… နားလည်အောင်ပြောရရင် လုပ်နေရင်းတန်းလန်းနဲ့ ဆက်မလုပ်ချင်တော့တာဘဲ…ငြီးငွေ့တတ်တာပေါ့… ထမင်းစားမယ်ဆိုလဲကျော်စားချင်လို့ချက်ထားတဲ့ဟင်းနဲ့ စားရင်းတန်းလန်းမှာဘဲ အဲဒီဟင်းကိုမကြိုက်တော့တာမျိုး လူတယောက်ကိုစိတ်ဝင်စားရင်း ချဉ်းကပ်ရင်း ကျော်စိတ်ဝင်စားမှုမရှိတော့တာမျိုး တခုခုကိုကြိုက်လို့ သုံးနေရင်းနဲ့ မကြိုက်တော့တာမျိုး စသည်ဖြင့်ပေါ့… ဥပမာပြောရရင်..ဒီနေ့ကျော်ကင်မ်ချီခေါက်ဆွဲချက်စားတယ် ကိုရီးယားစာ ကြိုက်တဲ့ကျော် ကင်မ်ချီခေါက်ဆွဲကို များသောအားဖြင့် စားလေ့ရှိတယ်.. ဒီနေ့လဲ စိတ်လိုလက်ရ ကိုရီးယားကင်မ်ချီခေါက်ဆွဲချက်စားဖြစ်တယ်.. ချက်ထားတာအနံ့ရော အရသာရောပြောစရာမလိုအောင်သိပ်ကောင်းပါတယ် စစားကာစကတော့ကျော်တော်တော်ကောင်းတယ်လို့ခံစားမိပြီး နှစ်နှစ်သက်သက်စားမိတယ် စားရင်တန်းလန်းမှာဘဲ ကျော်စားချင်စိတ်ကုန်သွားတယ် ဘယ်လိုမှဆက်စားလို့မရတော့ဘူး…ဒါဘာကြောင့်လဲလို့ ကိုယ့်ကိုယ်ကို မေးကြည့်တော့ ကျော့်အကျင့်ဆိုးကြောင့်လိုမြင်မိတယ်….


ဒုတိယအကျင့်ဆိုးကတော့ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးတဲ့ယောက်ျားတွေ ပွေတဲ့ယောကျာ်းတွေကို သင်ခန်းစာကောင်းကောင်းပေးချင်တဲ့အကျင့်ဆိုးဘဲ စော်ကြည်ဘဲတွေကိုမုန်းတယ်ပေါ့ဗျာ.. အဲဒီအကျင့်ဆိုး ကြောင့်ကျော်နာမည်ပျက်ခဲ့ရပေါင်းလဲမနည်းတော့ဘူး..အသဲကွဲလိပ်ပြာအစား အသဲစားကဝေမလို့လဲနာမည်ပေးခံရပေါင်းလဲမနဲတော့ဘူး.. ဥပမာ ယောက်ျားတယောက်က စော်တယောက်ကိုအပစ်မရှိဘဲအသဲခွဲသွားရင် ကျော်အဲဒီယောက်ျားကို ကောင်းကောင်းပြန်အသဲခွဲတတ်တယ် ကိုယ်နဲ့မဆိုင်ပေမဲ့ပေါ့.. မိန်းမတွေကိုအကောင်းမမြင်ပေးတတ်တဲ့ယောက်ျားတွေကိုလဲ အရမ်းချစ်တတ်လာအောင် ကျော်သင်ပေးတတ်သလို အရမ်းမုန်းတတ်သွားအောင်လဲ ကျော်သင်ပေးချင်တယ်… ဒီအလုပ်က ကျော်နဲ့ကံစပ်တယ်လို့ပြောရမလား ကျော်အရင်းမစိုက်ရဘဲ အသဲကွဲအရက်သမားဖြစ်ခဲ့တဲ့ ယောက်ျားတွေထဲမှာ သူတို့ကိုယ်သူတို့ အရမ်းတော်ပါတယ်အရမ်းတတ်ပါတယ်ဆိုတဲ့ယောက်ျားတွေ ပါခဲ့တယ်… ဒါဆိုကျော်ကသိပ်ချောလားလို့မေးလိမ့်မယ်..ရွက်ကြမ်းရေကျိုပါဘဲ… ဒါပေမဲ့ေ၇ှးရှေးဘ၀ကဆုတောင်းကောင်းခဲ့သလာတော့မသိဘူး..ယောက်ျားတော်တော်များများက ကျော့်ကိုအပစ်ကင်းတယ်ဖြူစင်တယ်တဲ့.. ဒါပေမဲ့ သူတို့ကျောချမှ ဓားပြမှန်းသိကြတာတော့ သူတို့တွေသိပ်ညံ့လို့ဘဲ…


တတိယအကျင့်ဆိုးကတော့ မာနကြီးခေါင်းမာလွန်းတာဘဲ… ဒီလိုမာနကြီးခေါင်းမာလွန်းလို့လဲ ရည်းစားဦးနဲ့ဝေးခဲ့ပြီးပြီ.. သေရာပါမဲ့ဒါဏ်ရာတွေရခဲ့ပြီးပြီ…ကျော်ဘယ်လောက်မာနကြီးသလဲမမေးနဲ့ ကျော့်အဖေနဲ့ စိတ်ဆိုးရင်တောင် အဖေကစပြီးဖုန်းမဆက်ဘဲ ကျော်ဘယ်တော့မှအဖေ့ကို အဆက်အသွယ်မလုပ်တတ်ဘူး..မိဘနဲ့သားသမီးဆိုပေမဲ့ ကျော်မိဘဆီက အကူအညီမယူဘူး.. အရမ်းအရေးတကြီးလိုအပ်လာရင်တောင် ချေးတာ ဆိုမှ ယူတာ.. ကျော်ပြန်ကိုဆပ်ရမှကျေနပ်တာ အဖေကခနခနပြောတယ် တလွဲဆံပင်ကောင်းမာနတွေနဲ့တဲ့


ဒီအကျင့်ဆိုးတွေက ကျော့်အတွက်မှားမှန်းသိပါတယ်.. ဒါပေမဲ့ ဒီနေ့ဒီအချိန်ထိကျော်ပြင်ဖို့ကြိုးစားဆဲ အကျင့်ဆိုးတွေပေါ့…အဲဒီထဲက အကျင့်ဆိုးတခုကိုတော့ ကျော်ပြုပြင်နိုင်လိုက်ပါပြီ.. အဲဒါက ကိုယ်နဲ့မဆိုင်ဘဲဝင်စွက်ဖက်တတ်တဲ့အကျင့်ဆိုးဖြစ်တဲ့ စော်ကြည်ဘဲတွေကို သင်ခန်းစာပေးခြင်းအလုပ်ပါဘဲ… ဘာလို့ကျော်ပြင်လိုက်နိုင်လဲဆိုတော့ ကျော် တကယ်ချစ်ရတဲ့ချစ်သူလေးက ကျော့်ကို တည်ငြိမ်ရင့်ကျက်စေခဲ့လို့ပါဘဲ…..ကျော်တကယ်ချစ်တတ်သွားလို့ ပါ… အဲဒီအချိန်ကစလို့ ကျော့်မှာ အကျင့်ကောင်း၃ခုရှိလာတယ်…



ပထမအကျင့်ကောင်းကတော့ ကိုယ့်အပေါ်မကောင်းတဲ့သူကိုတောင် မကောင်းမှန်းသိတောင်ကျော်ခွင့်လွှတ် ပေးနိုင်ခြင်းဘဲ..အဲဒီလူတယောက်ကကျော့်ကို မကောင်းတာတွေဘယ်လောက်ဘဲ လုပ်ခဲ့လုပ်ခဲ့ မကောင်းဘယ်လောက်ပြောပြော ကျော့်အပေါ် သူတခါဘဲကောင်းခဲ့ဖူးရင် ကျော်သူ့ကို လုံးဝအမှားတွေအားလုံအတွက်ခွင့်လွှတ်ပေးပြီးသားဖြစ်နေတယ်



ဒုတိယအကျင့်ကောင်းကတော့ ကတိတည်တတ်လာတာအချိန်တိကျလာတာပါဘဲ.. ကျော့်မှာဘယ်လောက်ဘဲသေရေးရှင်ရေးဖြစ်နေပါစေ.. ကျော်ကတိပေးထားရင် ကျော့်အရေကြီးကိစ္စတွထက် ကျော့်ကတိကို အကောင်အထည်ဖော်ခြင်းပါဘဲ.. ကျော့်ကို ဒီလိုကတိတည်တတ်အောင် ဆုံးမခဲ့တဲ့သူကတော့ ကိုထက်လို့ခေါ်တဲ့ ကျော့်ရဲ့တဦးတည်းသော ချစ်ရသူလေးပါဘဲ လူဆိုတာ ကတိတည်ရတယ် ကိုယ်ပေးထားတဲ့ကတိကိုမတည်ရင်လူမဟုတ်ဘူးချစ်၇ဲ့ ဆိုတဲ့ ကိုထက်ရဲ့ဆုံးမ စကားကြောင့် ကျော် ဘယ်ကိုသွားနေနေ..ဘာတွေလုပ်နေနေ ကတိတခုပေးမိရင် ကျော့် အတွက် ဘယ်လောက်ထိခိုက်သွားလဲ ကျော်မတွေးမိဘူး..ကျော် ကတိတည်ဖို့ကြိုးစားပေးတာပါဘဲ…



တတိယအကျင့်ကောင်းကတော့ ပျော်ပျော်နေတတ်သလို လူတွေကိုလဲ ပျော်ရွှင်အောင်လုပ်ပေးချင်စိတ်ရှိတာပါဘဲ .. ဒါကြောင့် ကျော့်ကိုလူချစ်လူခင်များတယ်… ဂျိုကာလေး လို့လဲထင်ကြတယ်..လူတွေအတွက်လူရွှင်တော်လုပ်ပေးနေရပေမဲ့ ကျော် ၀မ်းမနည်းခဲ့ဘူး.. အားလုံးကိုအကောင်းမြင်စိတ်လေးတွေနဲ့ ကျော်တွေးပေးနိုင်ခဲ့တယ်…ဒီအကျင့်ကောင်းကြောင့်ဘဲ အရင်ကကျော်အသဲခွဲတာခံခဲ့ရပါတယ်ဆိုတဲ့ ယောက်ျားတွေတောင် ဒီနေ့ထိကျော့်ကိုမမုန်းနိုင်တာ ကျော်သူတို့ကို ထားခဲ့တာ ကျော်တကယ်ချစ်တတ်သွားလို့လို့ ထင်ခဲ့ကြတာ.. ဒီနေ့ထိကျော်ပြန်လာဖို့မျှော်လင့်နေတာ တွေ ခနခနကြုံရတယ် ဒါက ကျော့်ရဲ့ ပင်ကိုစရိုက်ပါ ပွင့်လင်းပျော်ရွှင်တတ်မှုတွေကြောင့် ချစ်သူခင်သူခုထိပေါခြင်းဆိုတဲ့ကောင်းကျိုးတခုကို ကျော်ခံစားခဲ့ရသလို ကျော့်ကြောင့်နစ်နာခဲ့ရသူတွေကတောင် ဒီစရိုက်လေးကြောင့်ဘဲ စိတ်နာခနဖြစ်ပြီး ပြန်ပြန်ခွင့်လွှတ်ပေးနေရတာပါ…


ဘ၀မှာလေ…အလိုလားဆုံးဆုကိုတောင်းပါဆိုရင် စရိုက်ဆိုးကင်းသူတကယ်ဖြစ်ချင်တယ်… ဒီဆုတောင်းလေးကို ကုသိုလ်လုပ်တိုင်းဆုတောင်းမိတယ်.. ကျော့်ကြောင့် ဘယ်သူ့ကိုမှမနစ်နာစေချင်တော့လို့ပါ..


အသဲကွဲလိပ်ပြာ(၂၈.၉.၁၁)(ည၁၁နာရီ)

2 comments:

  1. ချစ်ချစ်ရဲ့ အစွမ်းလေးတွေပေါ့ .. အဟိ
    အားပေးတွားပါတယ်

    ခင်မင်စွာဖြင့်
    April

    ReplyDelete
  2. အစဉ်အမြဲ ကံကောင်းခြင်းတွေနဲ့ပဲ ဆုံစည်း နိုင်ပါစေလို့ ဆန္ဒပြုရင်း... ကောင်းသောနေ့လေး ပိုင်ဆိုင်ပါစေ လိပ်ပြာ ရေ..

    ReplyDelete